Welcome

မင်္ဂလာပါ။ အနတ္တ ကဗျာဥယျာဉ် လေးမှ နွေးထွေး လှိုက်လဲစွာ ကြိုဆိုပါတယ် ခင်ဗျာ။ အနတ္တရဲ့ ကဗျာ သစ်ပင်လေးတွေက အသစ်အသစ်ကလေးတွေတော့ မဟုတ်ပါဘူး။ စိတ်မီးအိမ် ဘလော့ ဥယျာဉ်လေးမှာ ဟိုတနေရာ ဒီတနေရာ စိုက်ပျိုးထားတဲ့ အပင်လေးတွေကို ကဗျာချစ်ခင်တဲ့ မိတ်ဆွေများအတွက် စုစည်း တင်ပြထားခြင်းပဲ ဖြစ်ပါတယ်။ တဆက်ထဲ အရိပ်ရဲ့ ကဗျာ ဥယျာဉ်လေးကို သွားရောက် လှည့်လည်ကြည့်ရှု နိုင်ပါတယ်။ လာလည်တဲ့ မိတ်ဆွေများရဲ့ အဖိုးတန် အကြံဉာဏ်များကိုလည်း တလေးတစားနဲ့ ခံယူပါရစေခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခါသင့်လို့ အခွင့်သာရင်လည်း လာလည်ပါဦးလို့ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်မံတက ပြုလိုပါတင်ခင်ဗျာ…….။

Friday, December 2, 2011

"စိတ်မီးအိမ်မှ မောင်နှမများ"








နိပ်နိပ်ကျင့် မြင့်မြင့်ကြံ
မှန်တာလုပ် ဟုတ်တာပြောလည်း
နဂါးသေရုပ် သစ်ငုတ်တုပ်လို
နင်းဖန်များတော့ အတ္တမာန
ထိုးထက်ကြွခါ ဖြစ်လာပါလျှင်

ဆိုးကောင်းရောပြွန်း မလွတ်စတန်း
ပိုက်ချူးခူးသည့် ကံသစ္စာကို
ထွေးပိုက်လက်ငင်း နောင်တွင်ထင်းလျှက်
ခံစားမည့်ရေး မတွေးနိုင်အောင်
အမိုက်မှောင်ကျ လင်းမရဘဲ
ပြစ်မှားလွန်ကျူး ရှိခဲ့ပါမူ
လူဖြစ်လာရ ခုဘဝလည်း
မထူးစခန်း လူးခါလှမ်းခဲ့

မှောက်မိုက်ဘဝ မကြရောက်ခင်
သံသရာကျိုး မျှော်ကာကိုး၍
ပုညလယ်မြေ စိုက်ကြဲထွေလျှက်
ဆောင်ရွက်ပြုမူ ကုသိုလ်ယူပြီး
လမ်းပြရှေ့ဆောင် လှမ်းနိုင်အောင်လည်း
လှမ်းပါစေသား (စိတ်မီးအိမ်မှ) မောင်နှမများ။

No comments: