
ဖဝါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ်
ဖြစ်တည်လာရ လူ့ဘဝတွင်
ငယ်ရာကကြီး တစ်ခရီးတည်း
ကြိုးပန်းအားထုတ်၊ လောကီဒုက်ကို
မရပ်မနား တသွားတည်းသွား။
သွားဖန်များလာ ခရီးထွာလျှင်
ပေစာတစ်ထပ် ရင်မှာအပ်လို့
လောကအကျိုး ဒို့သယ်ပိုးစို့
စိတ်မှာတမ်းတ မှန်းဆရည်မျှော်
လှမ်းကာပျော်လျှက် ရှိသပလဲ။
မှတ်ထင်မထား မဲမိုက်မှောင်သွား
ဘဝကံကြမ္မာ ဇာတ်ဆရာရယ်
ကြွေချိန်မရောက် သက်မပျောက်ခင်
ဆင်ချင်သတိ အသိဝင်အောင်
ရှေ့ဆောင်လမ်းပြ ကူလှည့်ပါ့လား။
မတော်တဆ တွေ့ကြုံလာရ
ခုကိစ္စလည်း အိမ်မက်ပမာ
ဖြစ်ပါစေလား ဖြစ်စေလား...........
