Welcome

မင်္ဂလာပါ။ အနတ္တ ကဗျာဥယျာဉ် လေးမှ နွေးထွေး လှိုက်လဲစွာ ကြိုဆိုပါတယ် ခင်ဗျာ။ အနတ္တရဲ့ ကဗျာ သစ်ပင်လေးတွေက အသစ်အသစ်ကလေးတွေတော့ မဟုတ်ပါဘူး။ စိတ်မီးအိမ် ဘလော့ ဥယျာဉ်လေးမှာ ဟိုတနေရာ ဒီတနေရာ စိုက်ပျိုးထားတဲ့ အပင်လေးတွေကို ကဗျာချစ်ခင်တဲ့ မိတ်ဆွေများအတွက် စုစည်း တင်ပြထားခြင်းပဲ ဖြစ်ပါတယ်။ တဆက်ထဲ အရိပ်ရဲ့ ကဗျာ ဥယျာဉ်လေးကို သွားရောက် လှည့်လည်ကြည့်ရှု နိုင်ပါတယ်။ လာလည်တဲ့ မိတ်ဆွေများရဲ့ အဖိုးတန် အကြံဉာဏ်များကိုလည်း တလေးတစားနဲ့ ခံယူပါရစေခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခါသင့်လို့ အခွင့်သာရင်လည်း လာလည်ပါဦးလို့ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်မံတက ပြုလိုပါတင်ခင်ဗျာ…….။

Thursday, December 1, 2011

စိတ်စေရာ










ကျောက်သင်ပုန်းကြီး
ထီးထီးရှေ့မှာ
ဆရာတစ်ယောက်
စာသင်ရောက်လာ
ရှင်းလင်းသင်ပြ
ချိန်တန်ကျလျှင်
ဆရာကပြန်
ခေါင်းမှာကျန်တာ
အဆောင်ဘာဟင်းချက်ပါလိမ့်။

ဟိုတစ်ချိန်တုန်းက နောက်နောက်ပြောင်ပြောင်နဲ့ခေါ်ခဲ့တဲ့
သူငယ်ချင်းလိပ်ပုရဲ့ကဗျာလေးပေါ့ဗျာ…..
အတိတ်ကို မျှဝေခံစားနိုင်အောင်လို့ တင်ပေးလိုက်တာပါ

No comments: