
သူငယ်ချင်းတို့ရေ.................
စိတ်မှာမွန်းကျပ်
အထီးကျန်ဆန်လာတဲ့အခါ
ခုံဖိနပ်တွေတခွမ်းခွမ်းစီးပြီး
ချင်တောင်မ ကုန်းပေါ်ပြေးတက်
ဧရာဝတီမြစ်ဘက် မျက်နှာလှည့်
လက်တွေကိုဆန့်တန်း မနားတမ်း
လေတွေကိုတ၀ကြီး ရှူပြစ်ချင်တယ်ကွာ။
မန်းတောင် ဘုရားကြီးကိုရောက်တိုင်း
အဟောင်းတိုင်း စိတ်မှာတမ်းတ
လွမ်းဆွတ်သတိရစွာနဲ့ သူငယ်ချင်းတို့ရေ
တို့ချင်တောင်မခြေဘ၀ကို
မှန်းဆမိတယ်ကွာ
ဘယ်လောက်လွတ်လပ်
ပျော်စရာကောင်းမလည်းဆိုတာ
အထူးပြောပြဖို့လိုမယ်
မထင်ပါဘူးကွာ။
ဖြစ်နိုင်မယ်ဆိုရင်လေ.........
ဦးပိန်တံတားမှာ
လက်တွေကိုဆန့်တန်းမနားတမ်း
ဟိုဘက်ဒီဘက်သူငယ်ချင်းတွေနဲ့
လျှောက်လှမ်းချင်တယ်ကွာ။
သူငယ်ချင်း အားလုံးကိုသတိရလျှက်
အနတ္တ
( ဘယ်သူတွေဘာပြောပြော
သူငယ်ချင်းတွေအကြောင်းတွေးရင်
ကိုယ့်အသက်တော့ မေ့သွားတာ
အမှန်ပဲဗျာ)
No comments:
Post a Comment