Welcome

မင်္ဂလာပါ။ အနတ္တ ကဗျာဥယျာဉ် လေးမှ နွေးထွေး လှိုက်လဲစွာ ကြိုဆိုပါတယ် ခင်ဗျာ။ အနတ္တရဲ့ ကဗျာ သစ်ပင်လေးတွေက အသစ်အသစ်ကလေးတွေတော့ မဟုတ်ပါဘူး။ စိတ်မီးအိမ် ဘလော့ ဥယျာဉ်လေးမှာ ဟိုတနေရာ ဒီတနေရာ စိုက်ပျိုးထားတဲ့ အပင်လေးတွေကို ကဗျာချစ်ခင်တဲ့ မိတ်ဆွေများအတွက် စုစည်း တင်ပြထားခြင်းပဲ ဖြစ်ပါတယ်။ တဆက်ထဲ အရိပ်ရဲ့ ကဗျာ ဥယျာဉ်လေးကို သွားရောက် လှည့်လည်ကြည့်ရှု နိုင်ပါတယ်။ လာလည်တဲ့ မိတ်ဆွေများရဲ့ အဖိုးတန် အကြံဉာဏ်များကိုလည်း တလေးတစားနဲ့ ခံယူပါရစေခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခါသင့်လို့ အခွင့်သာရင်လည်း လာလည်ပါဦးလို့ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်မံတက ပြုလိုပါတင်ခင်ဗျာ…….။

Sunday, December 4, 2011

"ပျော်ရွှင်စရာ မွေးနေ့ကမ္ဘာ"







ကောင်းတမန် နှောင်တဖန်
မွေးနေ့ရောက် ပြန်တော့
ခိုင်မြဲရယ် သစ္စာနဲ့
လှိုက်လှဲစွာ ကျင်းပစို့နော်။

လှမ်းမခေါ် မှန်မျှော်ကာ
လွမ်း ပါသော်လဲ
တမ်းတဖော် စိတ်မီးအိမ်
မောင်နှမများနှင့် လှမ်းခါနော်
အတူဆင်နွှဲဖို့ ဒို့ရည်မျှော်။

ပေါင်းစံရန် ခက်ပေမဲ့
ကောင်းကံမှာ ရေစက်ပါလေတော့
သောင်းညံစွာ ကျင်းပလို့ပျော်။

ပေါင်းကံရယ် ဖန်လာပြန်ရင်တော့
တူယှဉ်ကာ မြူမကွဲတဲ့
ဒီဇင်ဘာဆောင် ညချမ်းမှာဖြင့်
ပျော်ရွှင်စရာ မွေးနေ့ကမ္ဘာ လေးဆီသို့
ဒို့အားလုံး မြန်းကြွကြမယ်နော်။

No comments: