Welcome

မင်္ဂလာပါ။ အနတ္တ ကဗျာဥယျာဉ် လေးမှ နွေးထွေး လှိုက်လဲစွာ ကြိုဆိုပါတယ် ခင်ဗျာ။ အနတ္တရဲ့ ကဗျာ သစ်ပင်လေးတွေက အသစ်အသစ်ကလေးတွေတော့ မဟုတ်ပါဘူး။ စိတ်မီးအိမ် ဘလော့ ဥယျာဉ်လေးမှာ ဟိုတနေရာ ဒီတနေရာ စိုက်ပျိုးထားတဲ့ အပင်လေးတွေကို ကဗျာချစ်ခင်တဲ့ မိတ်ဆွေများအတွက် စုစည်း တင်ပြထားခြင်းပဲ ဖြစ်ပါတယ်။ တဆက်ထဲ အရိပ်ရဲ့ ကဗျာ ဥယျာဉ်လေးကို သွားရောက် လှည့်လည်ကြည့်ရှု နိုင်ပါတယ်။ လာလည်တဲ့ မိတ်ဆွေများရဲ့ အဖိုးတန် အကြံဉာဏ်များကိုလည်း တလေးတစားနဲ့ ခံယူပါရစေခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခါသင့်လို့ အခွင့်သာရင်လည်း လာလည်ပါဦးလို့ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်မံတက ပြုလိုပါတင်ခင်ဗျာ…….။

Thursday, February 2, 2012

"မေမေ"










သားချစ်တဲ့ မေမေ
အများနှစ်သက်တဲ့ မေမေ
ပညာမတတ်ပေမယ့်
ကျင်နာတတ်တဲ့ မေမေ
အဿပြာမချမ်းသာပေမယ့်
စေတနာချမ်းသာတဲ့ မေမေ
ဘေးဘယာမများပေမယ့်
ဆွေးခန္ဓာချသွားတဲ့ မေမေ
သြော်……….. မေမေရယ်

မေမေမရှိမှ တမ်းတတ တ
လွမ်းလှပြီး ငိုကြွေးနေတာ
မဟုတ်ရပါဘူး မေမေရယ်

ရင်မှာနွမ်းလှ ပန်းလှပါသောကြောင့်
မှန်းဆခါ တမ်းတတာလဲ
မဟုတ်ရပါဘူး မေမေရယ်

ဖဝါးလက်နှစ်လုံး ပုခုန်းလက်နှစ်သစ်
လူဖြစ်လာအောင် နို့ချိုတိုက်ကျွေး
မွေးမြူးပေးတဲ့ မေမေ့ကျေးဇူး
သားမောင်အထူး ဆပ်ဖူးဆန္ဒ
ပြင်းပြပါသော်လည်း
သြော်…………. မေမေရယ်
တခဏတာ မဟုတ်ဘဲ
တစ်ဘဝစာ ခွဲခွာရတယ်နော်

သံဿရာ တစ်ကွေ့မှာ
တခဏတာ တွေ့ရတွေ့ရ
ဘုံဘဝ လောကဇာတ်ခုံမှာ
ကြုံဆုံကြ လောကဓမ္မတာ
ဘယ်လိုပင် ဖြောင်းဖျဖြောင်းဖျ
ဖြေသိပ်မရတဲ့ မေမေ့သားကို
အဝေးမှာပဲ ပစ်ထားတော့မှာလား
မေမေရယ်………………….

ကောင်းမှုကုသိုလ် ပြုလုပ်လိုတိုင်း
ဖေဖေနဲ့အတူ ဖေးကူမေမေ
ရှိလေသယောင် စိတ်မှာဆောင်လျှက်
မြင်ယောင်နေမိတယ် မေမေရယ်

မျက်ရည်မဆဲ ဝေလျှက်အမျှ
အကြိမ်ကြိမ် အခါခါ
ရှိနေပါလည်း သားရင်ထဲမှာ
မေမေဟာ ထာဝရအမြဲ
ရှင်သန်လျှက်ပါပဲ မေမေရယ်။ ။

သားသိပ်ချစ်ရတဲ့ မေမေရေ............

ဒီကဗျာလေးနဲ့အတူ သားကိုမွေးမြူပေးခဲ့တဲ့နေ့လေးမှာ

မေမေ့ကို လက်ဆယ်ဖြာမိုးပြီး ရှစ်ခိုးပူဇော် ကန်တော့လိုက်ပါတယ်

မေမေရယ်...........

ကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်း အမျှဝေတဲ့အခါ

ရောက်ရာဘုံဘဝကနေ မေမေ သာဓုခေါ်ဆိုနိုင်ပါစေလို့

သားဆုတောင်းလိုက်ပါတယ်နော်.............

No comments: