Welcome

မင်္ဂလာပါ။ အနတ္တ ကဗျာဥယျာဉ် လေးမှ နွေးထွေး လှိုက်လဲစွာ ကြိုဆိုပါတယ် ခင်ဗျာ။ အနတ္တရဲ့ ကဗျာ သစ်ပင်လေးတွေက အသစ်အသစ်ကလေးတွေတော့ မဟုတ်ပါဘူး။ စိတ်မီးအိမ် ဘလော့ ဥယျာဉ်လေးမှာ ဟိုတနေရာ ဒီတနေရာ စိုက်ပျိုးထားတဲ့ အပင်လေးတွေကို ကဗျာချစ်ခင်တဲ့ မိတ်ဆွေများအတွက် စုစည်း တင်ပြထားခြင်းပဲ ဖြစ်ပါတယ်။ တဆက်ထဲ အရိပ်ရဲ့ ကဗျာ ဥယျာဉ်လေးကို သွားရောက် လှည့်လည်ကြည့်ရှု နိုင်ပါတယ်။ လာလည်တဲ့ မိတ်ဆွေများရဲ့ အဖိုးတန် အကြံဉာဏ်များကိုလည်း တလေးတစားနဲ့ ခံယူပါရစေခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခါသင့်လို့ အခွင့်သာရင်လည်း လာလည်ပါဦးလို့ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်မံတက ပြုလိုပါတင်ခင်ဗျာ…….။

Thursday, February 2, 2012

"မွေးနေ့မှတ်တိုင်"















အခါတန်ခူး နွေအဦးမှာ
မောင်နှမတစ်စု ပေါင်းစုပျော်မြူး
စိတ်မှာကူးပြီး တိုင်ပင်ဆွေးနွေး
လွမ်းရက်လေးတွေ လက်ချိုးရေတွက်
ကုန်လွန်ခဲ့လည်း…………..

နွေအတိတ်က ရွှေအရိပ်မှာ
ဖြေသိပ်ခဲ့ရ စိတ်ဆန္ဒတွေ
မိုးအကူးမှာ တမျိုးထူးပြီး
ပိုမိုမြူးအောင် အတူတကွ
လျှောက်လှမ်း ကြမယ်
အရိပ်မယ်ရဲ့ မွေးနေ့ပွဲဝယ်။

ဆောင်းတဖန် ပြောင်းပေမယ့်
နှောင်းကံက မပြောင်းလည်းနိုင်တော့
တို့တစ်တွေရဲ့ သံရောဇဉ်တွေကို
ဘယ်လိုပင် ကြမ္မာရိုင်းရိုင်း
မယိုင်မလဲ အမြဲရှင်သန်အောင်
( စိတ်မီးအိမ်မှာ )
မှတ်တိုင် စိုက်ထူကြမယ်နော်။

နွေမိုးဆောင် ဘယ်လိုပင်ပြောင်းသော်လည်း
တို့တတွေရဲ့ ရင်ထဲက
ခင်မင်မှု သံရောဇဉ်ကိုတော့
ဘယ်လိုမှ မပြောင်းလဲနိုင်ဘူးနော်။


သံရောဇဉ် အမှတ်တရ မွေးနေ့ မှတ်တိုင်လေးနဲ့အတူ
အရိပ်လည်း သက်တော်ရာကျော် ရှည်စေသောဝ်။

No comments: